မကွေးတိုင်းဒေသကြီးဆည်မြောင်းဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရေးအတွက် ဥပဒေပြုရေးဆိုင်ရာကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ဆောင်ရွက်ချက်များ

၂၀၂၀ပြည့်နှစ်၊ မေလ(၃)ရက်နေ့ မွန်းလွဲ(၃)နာရီအချိန် မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး VIP Meeting Room တွင် ဥပဒေပြုရေးဆိုင်ရာကော်မတီဝင်များမှ မကွေးတိုင်းဒေသကြီး ဆည်မြောင်းဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့သည်။ အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း (ဥပဒေပြုရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ)၊ ဥပဒေပြုရေးဆိုင်ရာကော်မတီအတွင်းရေးမှူးနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

မကွေးတိုင်းဒေသကြီးဆည်မြောင်းဥပဒေကို ၂၀၂၀ပြည့်နှစ်၊ဖေဖော်ဝါရီလတွင်(ပထမအကြိမ်)
(မူကြမ်း)ရေးဆွဲထားရှိပြီး၊ ကော်မတီ ဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များမှ သက်ဆိုင်ရာ အခန်းကဏ္ဍ အလိုက် တစ်ခန်းချင်း၊ တစ်ပိုဒ်ချင်းအား ပြန်လှန်စိစစ်၍ အကြံပြုဆွေးနွေးညှိနှိုင်းခြင်းများ ပြုလုပ်ခဲ့ကြပြီး ကော်မတီဥက္ကဋ္ဌမှ လိုအပ်သည်များဖြည့်စွက်ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။