
မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်ရုံးပင်မအဆောက်အဦသစ် ဆောက်လုပ်နေမှုအား ကွင်းဆင်းစစ်ဆေး
ဆောင်ရွက်ချက်များ၂၀၁၈ ခုနှစ်၊ ဧပြီလ (၁၀)ရက်၊ နေ့လယ်(၁၅း၃၀)နာရီအချိန် မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌဦးတာ၊ ဒုတိယဥက္ကဋ္ဌဇော်မျိုးဝင်းနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များသည် မကွေးတိုင်းဒေသကြီး လွှတ်တော်ရုံး ပင်မအဆောက်အဦ ဆောက်လုပ်နေမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ရာ Kyaw Thar Engineering & Construction Group Co., Ltd (KTECG) ကုမ္ပဏီမှ တာဝန်ရှိသူများက ရှင်းလင်းဆောင် ခန်းမတွင် အဆောက်အဦ ဆောက်လုပ်နေမှုအခြေအနေများကို Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပါသည်။
ထို့နောက် မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့သည် လွှတ်တော်ရုံး ပင်မအဆောက်
အဦသစ် ဆောက်လုပ်နေသည့် လုပ်ငန်းခွင်သို့ သွားရောက်၍ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး သိရှိ လိုသည်များ မေးမြန်းခဲ့ကာ KyawThar Engineering & Construction Group Co., Ltd (KTECG) ကုမ္ပဏီမှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းတင်ပြခဲ့ပါသည်။