မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌမှ မီးဘေးအလှူငွေများကို သက်ဆိုင်ရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များထံ ပေးအပ်

ဆောင်ရွက်ချက်များ

၂၀၁၈ ခုနှစ်၊ ဧပြီလ (၁၁)ရက်၊ နေ့လယ်(၁၂းဝဝ)နာရီအချိန် မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး၊ ဥက္ကဋ္ဌရုံးခန်းတွင် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း (MES) ကိုယ်စား တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးဝင်းမောင်မှ မကွေးတိုင်းဒေသကြီးအတွင်း မြို့သစ်မြို့နယ်၊ ဆူးတပ်ကြီးကျေးရွာ၊ ရေစကြိုမြို့နယ်၊ သစ်ကြီးတော ကျေးရွာနှင့် ချောက်မြို့နယ်၊ အိုးဖိုကျေးရွာများတွင် ယခုနှစ်မီးလောင်မှုဖြစ်ပွားခဲ့သော အိမ်ထောင်စုများအတွက် လှူဒါန်းသော အလှူငွေနှင့် အဝတ်အထည်များကို သက်ဆိုင်ရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များထံ လွှတ်တော်ဥက္ကဋ္ဌဦးတာမှ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။
မြို့သစ်မြို့နယ်အတွက် အလှူငွေနှင့် အဝတ်အထည်များကို မြို့သစ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) (မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ) ဦးဇော်မျိုးဝင်းမှလည်းကောင်း၊ ရေစကြိုမြို့နယ်အတွက် အလှူငွေနှင့် အဝတ်အထည်များကို ရေစကြိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ဦးတင်သောင်းမှလည်းကောင်း၊ ချောက်မြို့နယ်အတွက် အလှူငွေနှင့် အဝတ်အထည်များကို ချောက်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ဦးစိုးဝင်းမှ လည်းကောင်း အသီးသီးလက်ခံရယူခဲ့ကြပါသည်။