မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ နိုင်ငံတကာ လူ့အခွင့်အရေးယန္တရားများနှင့် အစိုးရတာဝန်များအကြောင်း ဆွေးနွေးပွဲ တက်ရောက်

ဆောင်ရွက်ချက်များ

မကွေးမြို့၊ နန်းထိုက်သူဟိုတယ်တွင် (၂၃.၄.၂၀၁၈)ရက်နေ့မှ (၂၄.၄.၂၀၁၈) ရက်နေ့အထိ ကျင်းပ ပြုလုပ်သည့် နိုင်ငံတကာ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေးယန္တရားများနှင့် အစိုးရတာဝန်များအကြောင်း ဆွေးနွေးပွဲသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းများ၊ Equality Myanmar (ညီမျှခြင်းမြန်မာ)အဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းနှင့် တာဝန်ခံ ဒေါ်မေဖူးပွင့်အောင်တို့ တက်ရောက်ခဲ့ကြပါသည်။
ဆွေးနွေးပွဲတွင် Equality Myanmar (ညီမျှခြင်းမြန်မာ)အဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းနှင့် တာဝန်ခံဒေါ်မေဖူးပွင့်အောင်တို့မှ လူ့အခွင့်အရေးအယူအဆနှင့် သမိုင်းကြောင်းများ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းပါ အကြောင်းအရာများ၊ နိုင်ငံတကာလူ့အခွင့်အရေးစာချုပ်များ လက်မှတ် ရေးထိုးခြင်းအဆင့်ဆင့်၊ မြန်မာနိုင်ငံမှ လက်မှတ်ရေးထိုးထားသော နိုင်ငံတကာစာချုပ်များနှင့် အစိုးရတာဝန်များ၊ နိုင်ငံတကာ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ စာချုပ်အကြောင်းများကို ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် တက်ရောက်လာသူများနှင့် အပြန်အလှန် အမေးအဖြေများ မေးမြန်းခဲ့ကြပါသည်။