မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးလွှတ်တော် ရေးရာကော်မတီဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ဆောင်ရွက်ချက်များ

(၃၀.၄.၂၀၁၈)ရက်နေ့၊ နံနက်(၀၈းဝဝ)နာရီအချိန်၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌရုံးခန်းတွင် 
မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီးလွှတ်တော် ရေးရာကော်မတီဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော်ရေးရာကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးတို့မှ မိမိတို့ကော်မတီ အလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့မှုများအပေါ် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့မှ လိုအပ်သည်များဖြည့်စွက် ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ခဲ့ကြပါသည်။