
မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌတို့ အန္တရာယ်ကင်း ပရိတ်တရားတော်များနာယူ
ဆောင်ရွက်ချက်များ(၁.၅.၂၀၁၈)ရက်နေ့၊ နံနက်(၀၅း၃၀)နာရီအချိန်၊ မကွေးတိုင်းဒေသကြီးလွှတ်တော်၊ ဥက္ကဋ္ဌရုံးခန်းတွင်
မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းနှင့် မကွေးတိုင်းဒေသကြီး လွှတ်တော်ရုံးမှ အရာထမ်း၊ အမှုထမ်းများသည် မကွေးမြို့၊ သံဃာရာမကျောင်းတိုက်မှ ဆရာတော်ကြီး များအား အရုဏ်ဆွမ်း၊ သင်္ကန်းနှင့်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဆရာတော်ကြီးများ ရွတ်ဖတ်သရဇ္ဇယ်သော ပရိတ်တရားတော်များကို ကြည်ညိုနာယူခဲ့ကြပါသည်။