
မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ အီတလီနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E Mr. Pier Giorgio Alibertiအား လက်ခံတွေ့ဆုံ
ဆောင်ရွက်ချက်များ(၂.၅.၂၀၁၈)ရက်နေ့၊ နေ့လယ်(၁၃းဝဝ)နာရီအချိန်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဧည့်ခန်းမတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် မကွေးတိုင်း ဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတာတို့သည် ရန်ကုန်မြို့၊ အီတလီနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E Mr. Pier Giorgio Alibertiအား လက်ခံတွေ့ဆုံခဲ့ရာ၊ အဆိုပါတွေ့ဆုံပွဲသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး နှင့် တိုင်းဒေသကြီးဥပဒေချုပ်တို့လည်း တက်ရောက်ခဲ့ကြပါသည်။