မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ထိန်လင်းတံတားဖွင့်ပွဲအခမ်းအနား တက်ရောက်ဖွင့်လှစ်ပေး

ဆောင်ရွက်ချက်များ

၂၀၁၈ ခုနှစ်၊ မေလ (၁၂)ရက်နေ့ နံနက်(၀၉း၀၀)နာရီအချိန်တွင် ဂျပန်အခြေခံ အဆောက်အအုံ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ JIP ၏စီမံမှုဖြင့် ဂျပန်နိုင်ငံအစိုးရနှင့် ပြည်သူတို့၏ အသေးစားစီမံကိန်းများ ထောက်ပံ့ရေးအစီအစဉ်အရ တည်ဆောက်သည့် မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၊ အလတ်လယ်ကျေးရွာနှင့် ချင်းကုန်းကျေးရွာအား ဆက်သွယ်ထားသော ထိန်လင်းတံတားဖွင့်ပွဲ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ကျေးလက်ဒေသဖွံ့ဖြိုး ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် JIP အဖွဲ့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ဒေသခံ ပြည်သူများတက်ရောက်ကြပါသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီး၊ သက်ဆိုင်ရာ သရက်မြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးအောင်၊ ကျေးလက်ဒေသဖွံ့ဖြိုး ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် JIP အဖွဲ့မှ ဒုတိယဥက္ကဋ္ဌတို့မှ အဖွင့်အမှာစကားများ အသီးသီးပြောကြားခဲ့ပြီး ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။

ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့မှ တံတားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အမှတ်တရ အထိမ်းအမှတ်အဖြစ် ချယ်ရီပင်အား စိုက်ထူပေးခဲ့ကြပါသည်။