မကွေးတိုင်းဒေသကြီးလွှတ်တော် ပင်မအဆောက်အဦ ဆောက်လုပ်နေမှု လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ဆောင်ရွက်ချက်များ

၂၀၁၈ ခုနှစ်၊ မေလ (၁၄)ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန် မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေးခန်းမတွင် မကွေးတိုင်းဒေသကြီးလွှတ်တော် ပင်မအဆောက်အဦ ဆောက်လုပ်နေမှုနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်ပင်မ အဆောက်အဦ အရည်အသွေးစစ်ဆေးရေးကော်မတီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်း အကြီးအမှူးနှင့် ဝန်ထမ်းများ တက်ရောက်ကြပါသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ တို့မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မကွေးတိုင်းဒေသကြီးလွှတ်တော် ပင်မအဆောက်အဦ ဆောက်လုပ်နေမှု အခြေအနေများနှင့် ပတ်သက်၍ KyawThar Engineering & Construction Group Co., Ltd (KTECG) ကုမ္ပဏီမှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ရာ တက်ရောက်လာသူများမှ သိရှိလိုသည်များ မေးမြန်းခဲ့ကြပါသည်။