
မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ လွှတ်တော်ရုံးဝန်ထမ်းအိမ်ရာ စစ်ဆေး
ဆောင်ရွက်ချက်များ၂၀၁၈ ခုနှစ်၊ ဧပြီလ (၃)ရက် (၁၅း၃၀)နာရီအချိန် မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာသည် တိုင်းဒေသကြီးလွှတ်တော် ဆောက်လုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လွှတ်တော်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ လမ်းဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းတို့မှ ဌာနအကြီးအကဲများ နှင့်အတူ မကွေးတိုင်းဒေသကြီး လွှတ်တော်ရုံး ဝန်ထမ်းအိမ်ရာ (၃)ထပ်ဆောင်နှင့် (၂)ထပ်ဆောင် ဆောက်လုပ် ပြီးစီးမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌမှ ဝန်ထမ်းအိမ်ရာ (၃)ထပ်ဆောင်နှင့် (၂)ထပ်ဆောင် ဆောက်လုပ်ထားရှိမှုအခြေအနေများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကုမ္ပဏီများမှတာဝန်ရှိသူများအား လိုအပ်သည်များအား ပြီးပြည့်စုံအောင်ဖြည့်စွက်ဆောင်ရွက် ပေးရန် မှာကြားခဲ့ပါသည်။