မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များအတွက် စတုတ္ထအကြိမ် ခေါင်းဆောင်မှုဆွေးနွေးဖလှယ်ပွဲ တက်ရောက်

ဆောင်ရွက်ချက်များ

တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များအတွက် စတုတ္ထအကြိမ် ခေါင်းဆောင်မှုဆွေးနွေးဖလှယ်ပွဲ အခမ်းအနားနှင့် MPU အစည်းအဝေးကို လွှတ်တော်ဝန်းအတွင်းရှိ ပြည်ထောင်စုလွှတ်တော်၊ ဇမ္ဗူသီရိခန်းမဆောင်၊ လွှတ်တော်သင်ကြားရေးဗဟိုဌာန၊ နေပြည်တော်၌ ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ ( ၄-ရက်မှ ၅-ရက်နေ့အထိ) ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုလွှတ်တော် နာယကဦးတီခွန်မြတ်၊ ဒုတိယနာယက (မြန်မာနိုင်ငံ လွှတ်တော်အဖွဲ့အတွင်းရေးမှူး) ဦးထွန်းထွန်းဟိန်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များမှ လွှတ်တော်ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်များမှ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိ နှိုင်းဆောင်ရွက်ရေးအဖွဲ့ (JCC)မှ လွှတ်တော်ကိုယ်စားလှယ် များ၊ UNDP မှ Mr.Peter Bachelor ဌာနေကိုယ်စားလှယ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အခမ်းအနားပြီးချိန်တွင် ပြည်ထောင်စုလွှတ်တော်၌ ဆောင်ရွက်ထားရှိသ ည့် Data Sever Room နှင့် NOC Room တို့ရှိ စက်ပစ္စည်းများကို လှည့်လည်လေ့လာခဲ့ကြပါသည်။