မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာ(ဒုတိယပတ်)(၈-၁၂-၂၀၁၈)ရက်နေ့ လူထုအားကစားလှုပ်ရှားမှုနှင့်လူထုလမ်းလျှောက်ပွဲ ပါ၀င်ဆင်နွဲခြင်း

ဆောင်ရွက်ချက်များ

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၈)ရက်နေ့ (၀၅၃၀)နာရီအချိန်မှ (၀၆၃၀)နာရီအချိန်အထိ မကွေးတိုင်းဒေသကြီး လွှတ်တော််ဥက္ကဋ္ဌ၊ဒုတိယဥက္ကဋ္ဌတို့သည်မကွေးတိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်၏၂၀၁၈ခုနှစ်ဒီဇင်ဘာလ(ဒုတိယပတ်)
လူထုလမ်းလျှောက်ပွဲတွင် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းပေါင်းစုံမှ
ကျောင်းသား/သူများ၊ ရပ်ကွက်(၁၅)ရပ်ကွက်မှ ပြည်သူများ၊ တက္ကသိုလ်ဆရာ/မများနှင့်ကျောင်းသား/သူများ၊ ပညာရေးကောလိပ်နှင့် အခြေခံပညာကျောင်းများမှ ဆရာ/မများနှင့် ကျောင်းသား/သူများ၊သူနာပြုသင်တန်းကျောင်း
မှဆရာ/မများနှင့် သင်တန်းသူများ စုစုပေါင်းအင်အား(၈၀၀၀)ကျော် တက်ရောက်ကာ စုပေါင်းလူထု လမ်းလျှောက်ပွဲအားတပျော်တပါး ပါ၀င်ဆင်နွဲခဲ့ကြပြီး ခရိုင်အားကစားကွင်းအတွင်းတွင် စုပေါင်းကိုယ်လက် ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများပြုလုပ်ဆင်နွဲခဲ့ပါသည်။