မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ (ဥပဒေပြုရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ) နှင့် ဥပဒေပြုရေးဆိုင်ရာကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ဆောင်ရွက်ချက်များ

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၁)ရက်နေ့ နံနက်(၁၀ဝဝ)နာရီအချိန်၊ မကွေးတိုင်းဒေသကြီး လွှတ်တော် ရေးရာကော်မတီရုံးခန်းတွင် ၂၀၁၃ခုနှစ်တိုင်းဒေသကြီး(သို့မဟုတ်)ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေနှင့်မကွေးတိုင်း
ဒေသကြီးလွှတ်တော်ဆိုင်ရာ နည်းဥပဒေများ ပြင်ဆင်ရေးဆွဲနိုင်ရန်နှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း (ဥပဒေပြုရေး ဆိုင်ရာကော်မတီ ဥက္ကဋ္ဌ)၊ မကွေးတိုင်းဒေသကြီးဥပဒေချုပ်၊ ဥပဒေပြုရေးဆိုင်ရာကော်မတီ အတွင်းရေးမှူးနှင့် မကွေးတိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီဝင်များ၊ လွှတ်တော်ရုံးဝန်ထမ်းအကြီးအမှူးတို့တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ (ဥပဒေပြုရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ)မှ
၂၀၁၃ခုနှစ်၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေနှင့် မကွေးတိုင်းဒေသကြီးလွှတ်တော်
ဆိုင်ရာ နည်းဥပဒေများ ပြင်ဆင်ရေးဆွဲနိုင်ရန်နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ပြီး မကွေးတိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီဝင်များမှ မိမိတို့သက်ဆိုင်ရာအခန်းကဏ္ဍအလိုက် ပြန်လည် အကြံပြု ဆွေးနွေး ညှိနှိုင်းခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။