
မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌမှ စည်သူရှင်သရက္ခန်မြတ်စွာဘုရား နှစ်(၉၀၀)ပြည့်အထိမ်းအမှတ် အခမ်းအနားနှင့် ပခုက္ကူခရိုင်အတွင်းရှိ မြို့နယ်များအား ဒေသဖွံ့ဖြိုးရေးအလှူငွေပေးအပ်
ဆောင်ရွက်ချက်များ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၄)ရက်နေ့ နံနက်(၀၈၃၀)နာရီအချိန်၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်ရှိ ပခန်းကြီးမြို့ဟောင်း သမိုင်းဝင် စည်သူရှင်သရက္ခန်မြတ်စွာဘုရား နှစ်(၉၀၀)ပြည့်အထိမ်းအမှတ် ဗုဒ္ဓဘိသေက အနေကဇာတင်ပူဇော်ရေစက်ချပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးတာ တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဆရာတော် သံဃာတော်အရှင်သူမြတ်တို့မှ ချီးမြှင့်ဟောကြားတော်မူသော တရားတော်များကို အတူတကွနာယူ၍ ဆရာတော်သံဃာတော် အပါး(၉၀)အား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ အခမ်းအနားသို့ ပခုက္ကူခရိုင်အတွင်းရှိ မြို့နယ်များမှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ ရေစကြိုမြို့နယ်ရှိ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူလူထုများ တက်ရောက်ခဲ့ကြပါသည်။
ဆက်လက်ပြီး ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ပေါက်မြို့နယ်များအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေမှ တစ်မြို့နယ်လျှင် ကျပ်(၁၀)သိန်းစီအား အသီးသီးပေးအပ်ခဲ့ပါသည်။