မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ(တတိယပတ်) လူထုအားကစားလှုပ်ရှားမှုနှင့်လူထုလမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲ

ဆောင်ရွက်ချက်များ

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၅)ရက်နေ့ (၀၅၃၀)နာရီအချိန်မှ (၀၆၃၀)နာရီအချိန်အထိ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌဦးတာသည် မကွေးတိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်၏၂၀၁၈ခုနှစ်ဒီဇင်ဘာလ (တတိယပတ်)လူထုလမ်းလျှောက်ပွဲတွင် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ အခြေခံပညာ ကျောင်းပေါင်းစုံမှကျောင်းသား/သူများ၊ ရပ်ကွက်(၁၅)ရပ်ကွက်မှ ပြည်သူများ၊ တက္ကသိုလ်ဆရာ/မများနှင့် ကျောင်းသား/သူများ၊ ပညာရေးကောလိပ်နှင့် အခြေခံပညာကျောင်းများမှ ဆရာ/မများနှင့် ကျောင်းသား/သူများ၊ သူနာပြု သင်တန်းကျောင်းမှ ဆရာ/မများနှင့် သင်တန်းသူများ စုစုပေါင်းအင်အား(၁၀၅၉၈)ခန့် တက်ရောက်ကာ စုပေါင်းလူထု လမ်းလျှောက်ပွဲအား တပျော်တပါး ပါ၀င်ဆင်နွှဲခဲ့ကြပြီး ခရိုင်အားကစားကွင်းအတွင်းတွင် စုပေါင်းကိုယ်လက် ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ပါသည်။