မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ ဧရာဝတီတံတား(သရက်-အောင်လံ)တည်ဆောက်ရေးစီမံကိန်း ပန္နက်တော်တင် တွင်းတော်ဝန်း မင်္ဂလာအခမ်းအနားတက်ရောက်

ဆောင်ရွက်ချက်များ

၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ(၁၇)ရက်နေ့၊ နံနက်(၀၉ဝဝ)နာရီအချိန် ဧရာဝတီတံတား(သရက်-အောင်လံ) တည်ဆောက်ရေးစီမံကိန်း ပန္နက်တော်တင် တွင်းတော်ဝန်း မင်္ဂလာအခမ်းအနားသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊
ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဆောက်လုပ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကံမြင့် ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်သန်းသန်းအေး၊ သရက်ခရိုင်အတွင်းရှိ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ သရက်ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြ ပါသည်။
အခမ်းအနားတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်နှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုတို့မှ စက်ခလုပ်နှိပ်ဖွင့် လှစ်ပေးခြင်းနှင့် မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ ဒုတိယ ဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဆောက်လုပ်ရေး၊ ပို့ဆောင် ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦး၊ သရက်မြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကံမြင့် ၊ သရက်ခရိုင်အတွင်းရှိ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တို့က သတ်မှတ်နေရာ အသီးသီးတွင် ပန္နက်တော်များရိုက်ပေးခြင်း ဆောင်ရွက်ခဲ့ပြီး၊ ဧရာဝတီတံတားတည်ဆောက်ရေးစီမံကိန်း တာဝန်ရှိသူမှ တံတားတည်ဆောက်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် သရက်မြို့နယ်၊ ပါးပွတ်ကျေးရွာ ပနီချောင်းပေါ်တွင်
ဂျပန်အခြေခံအဆောက်အဦပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(JIP) အစီအစဉ်ဖြင့် တည်ဆောက်လျက်ရှိသော ပါးပွတ် (ငုပ်လျှိုး)တံတားတည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဆောက်လုပ်ရေး၊ ပို့ဆောင် ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦး၊ သရက်မြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးအောင်နှင့် ကံမမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးမြင့် အောင် တို့သည် သရက်မြို့နယ်တွင် တည်ဆောက်လျက်ရှိသည့် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (သရက်) တည်ဆောက်နေမှု အခြေအနေများကိုသွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြခဲ့ပါသည်။