
မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ လွှတ်တော်ရုံး (ပင်မ)အဆောက်အဦသစ်အတွက် ပရိဘောဂပစ္စည်းများဝယ်ယူခြင်းလုပ်ငန်းနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
ဆောင်ရွက်ချက်များ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ(၁၉)ရက်နေ့၊ နံနက်(၁၀ဝဝ)နာရီအချိန် ၊ မကွေးတိုင်းဒေသကြီးလွှတ်တော်
ဥက္ကဋ္ဌရုံးခန်းတွင် ကျင်းပပြုလုပ်သည့် ၂၀၁၈-၂၀၁၉ခုဘဏ္ဍာရေးနှစ်၊ငွေလုံးငွေရင်း အသုံးစရိတ် ခွင့်ပြုရန်ပုံငွေဖြင့်
ဆောင်ရွက်မည့် လွှတ်တော်ရုံး ပရိဘောဂပစ္စည်းများဝယ်ယူခြင်းလုပ်ငန်းနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း
အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးသို့ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတာ (တင်ဒါခေါ်ယူရေးကော်မတီ ဥက္ကဋ္ဌ)၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း (တင်ဒါခေါ်ယူရေးကော်မတီ အတွင်းရေးမှူး)၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦး (တင်ဒါခေါ်ယူရေးကော်မတီ အဖွဲ့ဝင်)၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ရီမြင့် (တင်ဒါခေါ်ယူရေးကော်မတီ တွဲဘက်အတွင်းရေးမှူး)၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များဖြစ်သော ဦးကျော်စွမ်းရည်၊ ဦးကျော်ဌေးနှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ အကြီးအကဲများပါဝင်သည့် (တင်ဒါခေါ်ယူရေးကော်မတီအဖွဲ့ဝင်)များ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာနှင့် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းတို့မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဆောက်လုပ်ရေးနှင့်ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦးမှ လွှတ်တော်ရုံး ပရိဘောဂပစ္စည်းများ ၀ယ်ယူခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်ရေး၊ အရည်အသွေးပြည့်မီရေးနှင့် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်ရေး၊ ကော်မတီ၏လုပ်ငန်းများ ပိုမိုလွယ်ကူအဆင်ပြေအောင် ဆောင်ရွက်နိုင်ရေးအတွက် အကြံပြုဆွေးနွေးတင်ပြခဲ့ပါသည်။
ဆက်လက်၍ တင်ဒါခေါ်ယူရေးကော်မတီအဖွဲ့ဝင်များမှ တစ်ဦးချင်း ဆွေးနွေးအကြံပြုခဲ့ကြပြီး အသေးစိတ်ရှင်းလင်းတင်ပြဆွေးနွေးခဲ့မှုအပေါ် မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌမှ သိရှိလိုသည်များအား မေးမြန်းခဲ့ပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ပါသည်။