
မကွေးတိုင်းဒေသကြီးလွှတ်တော်(ပင်မ)အဆောက်အဦ အပိုင်း(ခ)နှင့် ထပ်တိုးလုပ်ငန်းများ (အပိုင်း က+ဂ) တည်ဆောက်ခြင်းလုပ်ငန်း အပ်နှံခြင်းအတွက် သဘောတူ စာချုပ်-ချုပ်ဆို
ဆောင်ရွက်ချက်များ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ(၂၀)ရက်နေ့၊ နံနက်(၁၀ဝဝ)နာရီအချိန် ၊ မကွေးတိုင်းဒေသကြီးလွှတ်တော်၊
ရေးရာကော်မတီအစည်းအဝေးခန်းတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့်ဆောင်ရွက်မည့်
မကွေးတိုင်းဒေသကြီးလွှတ်တော်(ပင်မ)အဆောက်အဦ အပိုင်း(ခ)နှင့် ထပ်တိုးလုပ်ငန်းများ (အပိုင်း က+ဂ) တည်ဆောက်ခြင်းလုပ်ငန်း အပ်နှံခြင်းအတွက် Kyaw Thar Engineering & Construction Group Co., Ltd (KTECG) ကုမ္ပဏီနှင့် သဘောတူ စာချုပ်-ချုပ်ဆိုခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးသို့ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ (ပင်မအဆောက်အဦ အရည်အသွေး စစ်ဆေးရေးကော်မတီ ဥက္ကဋ္ဌ)၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း (ပင်မအဆောက်အဦ အရည်အသွေးစစ်ဆေးရေး ကော်မတီ အတွင်းရေးမှူး)၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ရီမြင့် (ပင်မအဆောက်အဦ အရည်အသွေးစစ်ဆေးရေးကော်မတီ တွဲဖက်အတွင်းရေးမှူး)၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များဖြစ်သော ဦးကျော်စွမ်းရည်၊ ဦးကျော်ဌေးနှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ အကြီးအကဲများပါဝင်သည့် (ပင်မအဆောက်အဦ အရည်အသွေး စစ်ဆေးရေးကော်မတီ အဖွဲ့ဝင်များ)တက်ရောက် ခဲ့ကြသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာမှ အမှာစကားပြောကြားခဲ့ပြီး မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ရီမြင့်နှင့် လွှတ်တော်(ပင်မ)အဆောက်အဦ အား တာဝန်ယူဆောက်လုပ်နေသည့် Kyaw Thar Engineering & Construction Group Co., Ltd (KTECG) ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးမောင်အေး တို့မှ လွှတ်တော်(ပင်မ)အဆောက်အဦ အပိုင်း(ခ)နှင့် ထပ်တိုးလုပ်ငန်းများ (အပိုင်း က+ဂ)တည်ဆောက်ခြင်း လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး တင်ပြခဲ့ကြသည်။
ဆက်လက်၍ ပင်မအဆောက်အဦ အရည်အသွေးစစ်ဆေးရေးကော်မတီအဖွဲ့ဝင်များမှ ဆွေးနွေးအကြံပြု တင်ပြခဲ့ကြပြီး ဆွေးနွေးတင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌမှ သိရှိလိုသည်များ မေးမြန်းခဲ့ကာ လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့၍ လုပ်ငန်းအပ်နှံခြင်း သဘောတူစာချုပ်-ချုပ်ဆိုခဲ့ကြသည်။