
မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ နှမ်းကုန်ချောထုတ်စက်ရုံဖွင့်ပွဲအခမ်းအနားတက်ရောက်ဖွင့်လှစ်
ဆောင်ရွက်ချက်များ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ(၂၁)ရက်နေ့၊ နံနက်(၁၀ဝဝ)နာရီအချိန် မကွေးမြို့နယ်၊ ဂွေးတောက်စမ်းကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် PC Myanmar တို့ ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်သည့် နှမ်းကုန်ချောထုတ်စက်ရုံဖွင့်လှစ်ပွဲအခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌဦးတာ၊ အမျိုးသားလွှတ်တော် စိုက်ပျိုးမွေးမြူရေးနှင့် ရေလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်းဌေး၊ ကျေးလက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ စိုက်ပျိုးရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော် စိုက်ပျိုး မွေးမြူရေးနှင့် ရေလုပ်ငန်းကော်မတီဥက္ကဋ္ဌတို့မှ စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး ကဗ္ဗည်းမော်ကွန်းအား အမွှေးနံ့သာ ရည်ပက်ဖြန်းပေးခဲ့ကာ စက်ရုံအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။