
မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ (ဥပဒေပြုရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ) တိုင်းဒေသကြီးလွှတ်တော်ဥပဒေပြုရေးဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
ဆောင်ရွက်ချက်များ(၄.၄.၂၀၁၈)ရက်နေ့ (၁၄းဝဝ)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေ အရ/အသုံး ဆိုင်ရာ ဥပဒေ(မူကြမ်း) အစည်းအဝေးကျင်းပ ပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း (ဥပဒေပြုရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ)နှင့် တိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေး ဆိုင်ရာကော်မတီဝင်များ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ဘဏ္ဍာငွေ အရ/အသုံးဆိုင်ရာဥပဒေ(မူကြမ်း) ကိစ္စရပ်များ ဆွေးနွေးတင်ပြခြင်း၊ တိုင်းဒေသကြီး လွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် ဆွေးနွေး ညှိနှိုင်းခြင်း များပြုလုပ်ခဲ့ကြပြီး၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ (ဥပဒေပြုရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ) မှ လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ပါသည်။