မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ လောင်းရှည်မြို့နှစ်(၁၀၀၀)ပြည့် ပွဲတော်အခမ်းအနား တက်ရောက်ဖွင့်လှစ်

ဆောင်ရွက်ချက်များ

၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ(၂၆)ရက်နေ့၊ နံနက်(၀၉ဝဝ)နာရီအချိန် ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်အတွင်းရှိ
လောင်းရှည်မြို့ နှစ်(၁၀၀၀)ပြည့်ပွဲတော်ဖွင့်ပွဲအား မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌဦးတာ၊
ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တင်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ ဆောမြို့နယ်ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ သယံဇာတ၊သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီးလောင်းရှည်မြို့ နှစ်(၁၀၀၀)ပြည့်ပွဲတော် ကဗ္ဗည်းမော်ကွန်းအား အမွှေးနံ့သာ ရည်ပက်ဖြန်းပေးခဲ့ပါသည်။
ဆက်လက်၍ အခမ်းအနားအား မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌဦးတာ၊ ဒုတိယဥက္ကဋ္ဌ
ဦးဇော်မျိုးဝင်း၊ သယံဇာတ၊သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော် ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တင်တို့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နှင့် ဒေသခံပြည်သူတစ်ဦးတို့က ရှေးဟောင်း နှစ်(၁၀၀၀)ပြည့် လောင်းရှည်မြို့အကြောင်း ရှင်းလင်းတင်ပြခဲ့ကြပြီး လောင်းရှည်မြို့နှင့်ပတ်သက်သည့် ပြခန်းအားလှည့်လည်ကြည့်ရှု ခဲ့ကြပါသည်။