မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ မကွေးပညာရေးကောလိပ်၏ နှစ်(၂၀)ပြည့် ကြွေရတု ကျောက်စာတိုင် ဖွင့်ပွဲနှင့် စျေးရောင်းပွဲတော် အခမ်းအနား တက်ရောက်ဖွင့်လှစ်

ဆောင်ရွက်ချက်များ

၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ(၂၇)ရက်နေ့၊ နံနက်(၁၀ဝဝ)နာရီအချိန် မကွေးပညာရေးကောလိပ်၏နှစ်(၂၀)ပြည့်
ကြွေရတု ကျောက်စာတိုင်ဖွင့်ပွဲနှင့်စျေးရောင်းပွဲတော်အခမ်းအနားအား မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ မကွေးတိုင်းဒေသကြီးပညာရေးမှူး၊ ပညာရေးကောလိပ် ကျောင်းအုပ်ဆရာမကြီးနှင့် အငြိမ်းစားကျောင်း ဆရာ/မ များ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မကွေးပညာရေးကောလိပ် ကျောင်းအုပ်ဆရာမကြီးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပညာရေးကောလိပ်၏နှစ်(၂၀)ပြည့် အထိမ်းအမှတ် ကျောက်စာတိုင်အား မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် မကွေးတိုင်းဒေသကြီးပညာရေးမှူး၊ ပညာရေးကောလိပ် ကျောင်းအုပ်ဆရာမကြီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကာ ကဗ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်ပက်ဖြန်းပေးခဲ့ပါသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် မကွေးတိုင်းဒေသကြီးပညာရေးမှူး၊ ပညာရေးကောလိပ် ကျောင်းအုပ်ဆရာမကြီးနှင့် အငြိမ်းစားကျောင်းဆရာ/မများမှပညာရေးကောလိပ်၏နှစ်(၂၀)ပြည့် အထိမ်းအမှတ်နှင့်ပတ်သက်သည့် ပြခန်းအားလှည့်လည်ကြည့်ရှုခဲ့ကြပါသည်။