မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ (ဥပဒေပြုရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ) နှင့် ဥပဒေပြုရေးဆိုင်ရာကော်မတီီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ဆောင်ရွက်ချက်များ

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁၄)ရက်နေ့၊ မွန်းလွဲ(၁၄ဝဝ)နာရီအချိန်၊ မကွေးတိုင်းဒေသကြီးလွှတ်တော် ရေးရာကော်မတီရုံးခန်းတွင် ဥပဒေပြုရေးဆိုင်ရာကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း (ဥပဒေပြုရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ)နှင့် တိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီဝင်များ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း (ဥပဒေပြုရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ)နှင့် အတွင်းရေးမှူး ဒေါ်ညိုညိုဦးတို့မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မကွေးတိုင်းဒေသကြီး ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ချီးမြှင့် အပ်နှင်းခြင်းဆိုင်ရာ ဥပဒေ(မူကြမ်း)၊ မကွေးတိုင်းဒေသကြီး မြေယာခွန်ဥပဒေ(မူကြမ်း)၊ မကွေးတိုင်းဒေသကြီး ပြတိုက်နှင့် စာကြည့်တိုက်ဥပဒေ (မူကြမ်း) ဥပဒေများကို ပြဌာန်းနိုင်ရေး ဆွေးနွေးခဲ့ရာ တိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာ ကော်မတီဝင်များမှ သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် အကြံပြု ဆွေးနွေးညှိနှိုင်းခြင်းများ ပြုလုပ်ခဲ့ကြပြီး၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ (ဥပဒေပြုရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ)မှ လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ပါသည်။