
မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ၊ ဒုတိယဥက္ကဋ္ဌနှင့် မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး (ပင်မ)အဆောက်အဦ ဆောက်လုပ်နေသည့် လုပ်ငန်းခွင်သို့ သွားရောက်စစ်ဆေးကြည့်ရှု
ဆောင်ရွက်ချက်များ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ(၂၁)ရက်နေ့၊ နံနက်(၀၈ဝဝ)နာရီအချိန်၊ မကွေးမြို့၊ နတ်မောက်လမ်းနှင့် သုခိတာလမ်းထောင့်ရှိ မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး (ပင်မ)အဆောက်အဦ ဆောက်လုပ်နေသည့် လုပ်ငန်းခွင်သို့ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊
မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး လက်ထောက်
ညွှန်ကြားရေးမှူးနှင့်ရုံးအဖွဲ့များ မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး (ပင်မ)အဆောက်အဦ ဆောက်လုပ်နေမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးကြည်ရှုခဲ့ပါသည်။
မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့သည် လွှတ်တော်ရုံး(ပင်မ)အဆောက်အဦသစ် ဆောက်လုပ်
နေသည့်လုပ်ငန်းခွင်သို့ သွားရောက်၍ လှည့်လည်ကြည့်ရှုစစ်ဆေးကာ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ Kyaw Thar
Engineering & Construction Group Co, Ltd (KTECG) ကုမ္ပဏီ တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြခဲ့ပါသည်။