မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ၊ ဒုတိယဥက္ကဋ္ဌနှင့် မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ ပြည်နယ်နှင့် တိုင်းဒေသကြီး အသက်(၂၁)နှစ်အောက် ဘောလုံးပြိုင်ပွဲ(ဗိုလ်လုပွဲ)ကြည့်ရှုအားပေး

ဆောင်ရွက်ချက်များ

၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ(၂၃)ရက်နေ့၊ မွန်းလွဲ(၁၅ဝဝ)နာရီအချိန်၊ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ပူးပေါင်း၍ ကျင်းပပြုလုပ်သည့် ၂၀၁၉ခုနှစ် အသက်(၂၁)နှစ်အောက် (အမျိုးသား) မကွေးတိုင်းဒေသကြီးအသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်းတို့ (ဗိုလ်လုပွဲ)ယှဉ်ပြိုင် ကစားခဲ့ကြသည်။
အဆိုပါ ဗိုလ်လုပွဲသို့ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးတာ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာ ခင်မောင်အေး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(သရက်မဲဆန္ဒနယ်မှ)ဦးကံမြင့်နှင့် မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်အားပေးခဲ့ကြသည်။
ပြိုင်ပွဲအပြီးတွင် ပထမဆုရ တနင်္သာရီတိုင်းဒေသကြီးအသင်းအား မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ ဦးတာ၊ ဒုတိယဆုရ မကွေးတိုင်းဒေသကြီးအသင်းအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်နှင့် တတိယဆုရ မွန်ပြည်နယ်အသင်းအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးနှင့် တစ်ဦးချင်းအကောင်းဆုံးဆုများကို ကော်မတီဝင်အသီးသီးတို့က ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။