မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးလွှတ်တော်ရေးရာကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

ဆောင်ရွက်ချက်များ

(၅.၄.၂၀၁၈)ရက်နေ့ (၁၄းဝဝ)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးဥက္ကဋ္ဌရုံးခန်း၌ မကွေးတိုင်းဒေသကြီး၏
၂၀၁၈ခုနှစ်( ဧပြီလမှစက်တင်ဘာလအထိ) လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဘဏ္ဍာငွေများခွဲဝေသုံးစွဲမှုနှင့် စပ်လျဉ်း၍ အစည်းအဝေးကျင်းပ ပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတာ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ရေးရာကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ သယံဇာတ၊သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးနှင့် မကွေးတိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာမှူး တို့တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတာမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မကွေးတိုင်းဒေသကြီး ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း မှ ၂၀၁၈ခုနှစ်( ဧပြီလမှစက်တင်ဘာလအထိ) လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ဘဏ္ဍာငွေများခွဲဝေသုံးစွဲမှုနှင့်စပ်လျဉ်း၍ ဆက်လက်ပြောကြားခဲ့ပါသည်။ ဆက်လက်၍ မကွေးတိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာမှူးမှ ၂၀၁၈ခုနှစ်(ဧပြီလမှစက်တင်ဘာလအထိ) လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ လုပ်ကိုင်ဆောင်ရွက်ထားသည့် လုပ်ငန်းများအားပြန်လည်ရှင်းလင်းတင်ပြခဲ့ ပါသည်။ တက်ရောက်လာသည့် တိုင်းဒေသကြီးလွှတ်တော်ရေးရာကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများမှ သိရှိ လိုသည်များ မေးမြန်း ခဲ့ကြပြီး မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ မှ လိုအပ်သည်များဖြည့်စွက်ဆွေးနွေးခဲ့ပါသည်။