
မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ မန်းရွှေစက်တော်ရာဘုရား ဗုဒ္ဓပူဇနိယပွဲတော် ခြေတော်ရာဖွင့်ပွဲတက်ရောက်
ဆောင်ရွက်ချက်များ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ(၉)ရက်နေ့၊ နံနက်(၀၇၃၀) နာရီအချိန် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ရာဘုရား ဗုဒ္ဓပူဇနိယပွဲတော် ခြေတော်ရာမြတ်နှစ်ဆူ ဖွင့်လှစ်ပူဇော်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ သီတဂူဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဒေါက်တာအရှင်ဉာဏိဿရ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌဦးတာ၊ ဒုတိယဥက္ကဋ္ဌဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ် ဦးဆန်းလင်း၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်ဦးလှသန်း၊ မကွေးတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ ရွှေစက်တော်ဘုရားဂေါပကအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဒေသခံမိဘပြည်သူများ တက်ရောက်ခဲ့ကြပြီး ညပိုင်းတွင် သီတဂူဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဒေါက်တာအရှင်ဉာဏိဿရမှ တရားဓမ္မများဖြင့် ချီးမြှင့်ဟောကြားခဲ့ပါသည်။