
မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ မကွေးတိုင်းဒေသကြီး လွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေမှ အလှူငွေပေးအပ်ပွဲ အခမ်းအနားတက်ရောက်
ဆောင်ရွက်ချက်များ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ(၁၁)ရက် မွန်းလွဲ(၁၅ဝဝ) နာရီအချိန်၌ မကွေးတိုင်းဒေသကြီးလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေမှ အလှူငွေပေးအပ်ပွဲအခမ်းအနားအား မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌဦးတာ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ပွင့်ဖြူမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ဦးတင့်ဆန်း၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
ဆက်လက်၍ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌမှ မကွေးတိုင်းဒေသကြီး လွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေမှ အလှူငွေပေးအပ်ရခြင်းနှင့်ပတ်သက်၍ ပြည်သူများအား ချပြရှင်းလင်းခဲ့ကာ အလှူငွေကျပ် (၁၀)သိန်းအား သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ အသီးသီးပေးအပ်လှူဒါန်းခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့ပါကြောင်းသိရှိရပါသည်။