
မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားတက်ရောက်
ဆောင်ရွက်ချက်များ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့၊ နံနက်(၀၇ဝဝ) နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ တိုင်းဒေသကြီးအားကစားကွင်း၌ (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပပြုလုပ် ခဲ့သည်။
အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌဦးတာ၊ ဒုတိယဥက္ကဋ္ဌဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးဆန်းလင်း၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်ဦးလှသန်း၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပညာရေးကောလိပ်ကျောင်းမှ ဆရာ/ဆရာမများ၊ သင်တန်းသား/သင်တန်းသူများ၊ သူနာပြုသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် သူနာပြုဆရာမများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။