
မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ စလင်းမြို့နယ်အတွင်း ပုသိမ်-မုံရွာကားလမ်းမကြီးမှ သနပ်ချောင်းကျေးရွာနှင့် ပုခက်တိုင်ကျေးရွာများသို့ ဆက်သွယ်သည့် မြေနီကျောက်စရစ်လမ်းခင်းခြင်းပြီးစီးမှု အခမ်းအနားတက်ရောက်
ဆောင်ရွက်ချက်များ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ(၁၃)ရက် နံနက်(၀၉ဝဝ) နာရီအချိန်၌ CZECH REPUBLIC, HUMANITARIAN AID ၏အကူအညီဖြင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ လှူဒါန်းသည့် မကွေးတိုင်းဒေသကြီး ၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ပုသိမ်-မုံရွာကားလမ်းမကြီးမှ သနပ်ချောင်းကျေးရွာနှင့် ပုခက်တိုင် ကျေးရွာများသို့ ဆက်သွယ်သည့်(၂.၅)မိုင် အရှည်ရှိမြေနီ ကျောက်စရစ်လမ်း ပြုပြင်ဖောက်လုပ် ပြီးစီးမှု အခမ်းအနား တက်ရောက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် စလင်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၂) ဦးသက်ခိုင်၊ Executive Director ဦးမိုးဇော်ဦး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
ဆက်လက်၍ အခမ်းအနားတွင် Executive Director ဦးမိုးဇော်ဦးမှ ပွင့်ဖြူမြို့နယ် ပုသိမ်-မုံရွာကားလမ်းမကြီးမှ သနပ်ချောင်းကျေးရွာနှင့် ပုခက်တိုင်ကျေးရွာများသို့ ဆက်သွယ်သည့် (၂.၅)မိုင် အရှည်ရှိမြေနီ ကျောက်စရစ်လမ်းပြုပြင်ဖောက်လုပ်ပြီးစီး၍လမ်းနှင့်ပတ်သက်သည့် စာရွက်စာတမ်းများအား ကျေးရွာမှတာဝန်ရှိသူများထံသို့ ပေးအပ်ခဲ့ပြီး၊ ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည် ပေးအပ်ခဲ့ပါကြောင်းနှင့် လမ်းပြီးစီးခြင်းအတွက် ပရိတ်တရားတော်များနာကြားခဲ့ပါကြောင်း သိရှိရပါသည်။