
မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး(ပင်မ)အဆောက်အဦတွင် အသုံးပြုရန်အတွက် ရုံးသုံးပရိဘောဂပစ္စည်းများ ၀ယ်ယူခြင်းလုပ်ငန်းနှင့် ပတ်သက်သည့် တင်ဒါအကြိုရှင်းလင်းပွဲပြုလုပ်
ဆောင်ရွက်ချက်များ၂၀၁၉ခုနှစ်၊မတ်လ(၄)ရက်နေ့နံနက်(၁၀၀၀)နာရီအချိန်၊မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်သော ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ် ငွေလုံးငွေရင်း အသုံးစရိတ်ခွင့်ပြုငွေဖြင့် ဆောင်ရွက်မည့် မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး (ပင်မ)အဆောက်အဦတွင် အသုံးပြုရန်အတွက် ရုံးသုံးပရိဘောဂပစ္စည်းများ ၀ယ်ယူခြင်းလုပ်ငန်းနှင့်ပတ်သက် သည့် တင်ဒါအကြိုရှင်းလင်းပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးတာ (တင်ဒါခေါ်ယူရေးကော်မတီ ဥက္ကဋ္ဌ)၊ ဒုတိယဥက္ကဌ ဦးဇော်မျိုးဝင်း(တင်ဒါခေါ်ယူရေးကော်မတီ အတွင်းရေးမှူး)၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဆောက်လုပ်ရေး၊ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး (တင်ဒါခေါ်ယူရေးကော်မတီ အဖွဲ့ဝင်)၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါ်ခင်ရီမြင့် (တင်ဒါခေါ်ယူရေးကော်မတီ တွဲဘက်အတွင်းရေးမှူး) ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များဖြစ်သော ဦးကျော်ဌေး၊ ဒေါ်ခင်ချိုလတ်နှင့် ဦးကျော်စွမ်းရည်၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ အကြီးအကဲများပါဝင်သည့် တင်ဒါခေါ်ယူရေး ကော်မတီအဖွဲ့ဝင်များ၊ တင်ဒါလျှောက်ထားသည့်ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ပါသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့်ဒုတိယဥက္ကဋ္ဌတို့မှ အမှာစကားအသီးသီးပြော ကြားခဲ့ကြပြီး၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဆောက်လုပ်ရေး၊ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဦးတင်နွယ်ဦးမှ ရုံးသုံးပရိဘောဂပစ္စည်းများဝယ်ယူခြင်းလုပ်ငန်းနှင့်ပတ်သက်သည့် တင်ဒါအကြိုခေါ်ယူခြင်းကိစ္စအားရှင်းလင်းဆွေး နွေးခဲ့ပြီး တင်ဒါလျှောက်ထားသည့် ကုမ္ပဏီများမှ တာဝန်ရှိပုဂ္ဂိုလ်များက သိရှိလိုသည်များမေးမြန်းခြင်းနှင့်
ဆွေးနွေးခြင်းများပြုလုပ်ခဲ့ကြပါသည်။
ထို့နောက် လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့တို့သည် လွှတ်တော်ရုံးပင်မအဆောက်အဦသို့ သွားရောက်၍ ပရိဘောဂပစ္စည်းများ ထားရှိမည့်အခန်းအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဆောက်လုပ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးက တင်ဒါ လျှောက်ထားသည့်ကုမ္ပဏီများကို အခန်းဖွဲ့စည်းပုံ အလိုက် လိုက်လံရှင်းလင်းပြသခဲ့ပါသည်။