
မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ (ဥပဒေပြုရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ) နှင့် ဥပဒေပြုရေးဆိုင်ရာကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်
ဆောင်ရွက်ချက်များ၂၀၁၉ ခုနှစ်၊ မတ်လ (၄)ရက်နေ့၊ မွန်းလွဲ(၁၄ဝဝ)နာရီအချိန်၊ မကွေးတိုင်းဒေသကြီးလွှတ်တော် ရေးရာကော်မတီရုံးခန်းတွင် ဥပဒေပြုရေးဆိုင်ရာကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း (ဥပဒေပြုရေးဆိုင်ရာ ကာ်မတီဥက္ကဋ္ဌ)၊ ဆောက်လုပ်ရေးနှင့်ပို့ဆောင်ဆက်သွယ်ရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဥပဒေပြုရေးဆိုင်ရာကော်မတီဝင်များ၊ ဦးမင်းအောင် (ညွှန်ကြားရေးမှူး)၊ လမ်းဦးစီးဌာန၊ ဦးရဲထွဋ် (ဒုတိယညွှန်ကြားရေးမှူး) လမ်းဦးစီးဌာန၊ ဦးသိန်းစန်းလှိုင် (ညွှန်ကြားရေးမှူး) ကျေးလက်လမ်းဦးစီးဌာန တို့တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း (ဥပဒေပြုရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ)မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး လမ်းများ၊ တံတားများ ဥပဒေ ပြဌာန်းနိုင်ရေး ဆွေးနွေးခဲ့ရာ တိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာ ကော်မတီဝင်များ၊ တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲ များမှ သက်ဆိုင်ရာ ကဏ္ဍအလိုက် အကြံပြု ဆွေးနွေးညှိနှိုင်းခြင်းများ ပြုလုပ်ခဲ့ကြပြီး၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ (ဥပဒေပြုရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ)မှ လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ပါသည်။