မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး(ပင်မ)အဆောက်အဦတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း အသုံးစရိတ်ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ရုံးသုံးပရိဘောဂပစ္စည်းများဝယ်ယူခြင်းလုပ်ငန်းနှင့် ပတ်သက်၍ လျှောက်ထားသောကုမ္ပဏီများ၏ (Profile)အား ဖွင့်ဖောက်စစ်ဆေး

ဆောင်ရွက်ချက်များ

၂၀၁၉ခုနှစ်၊ မတ်လ(၂၈)ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်မှ မွန်းလွဲ(၁၆၀၀)နာရီအချိန်ထိ မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး၊ ရေးရာကော်မတီ အစည်းအဝေးခန်းမတွင် မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး (ပင်မ)အဆောက်အဦအတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း အသုံးစရိတ်ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ရုံးသုံးပရိဘောဂပစ္စည်းများဝယ်ယူခြင်းလုပ်ငန်းနှင့် ပတ်သက်၍ လျှောက်ထားသော ကုမ္ပဏီများ၏ အချက်အလက် (Profile) အား ဖွင့်ဖောက်စစ်ဆေးခြင်း ပြုလုပ်ခဲ့ပါသည်။
တင်ဒါ (Profile) ဖွင့်ဖောက်စစ်ဆေးခြင်းအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးတာ (တင်ဒါခေါ်ယူရေးကော်မတီ ဥက္ကဋ္ဌ)၊ ဒုတိယဥက္ကဌ ဦးဇော်မျိုးဝင်း(တင်ဒါခေါ်ယူရေးကော်မတီ အတွင်းရေးမှူး)၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဆောက်လုပ်ရေး၊ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး (တင်ဒါခေါ်ယူရေးကော်မတီ အဖွဲ့ဝင်)၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါ်ခင်ရီမြင့် (တင်ဒါခေါ်ယူရေးကော်မတီ တွဲဘက်အတွင်းရေးမှူး) ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များဖြစ်သော ဦးကျော်ဌေး၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ အကြီးအကဲများပါဝင်သည့် တင်ဒါခေါ်ယူရေး ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့်ဒုတိယဥက္ကဋ္ဌတို့မှ အမှာစကားအသီးသီးပြော ကြားခဲ့ကြပြီး၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဆောက်လုပ်ရေး၊ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဦးတင်နွယ်ဦးမှ လျှောက်ထားသော ကုမ္ပဏီများ၏ တင်ဒါ (Profile)ဖွင့်ဖောက်စစ်ဆေးခြင်းဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားပြီး ကော်မတီဝင်များမှ ပြန်လည်အကြံပြု ဆွေးနွေးခဲ့ပါသည်။
ထို့နောက် လျှောက်ထားလာသော ကုမ္ပဏီများအနက်မှ ကုမ္ပဏီအချက်အလက် (Profile)ကို စာအိတ်သီးခြားဖြင့် တင်ပြထားသော ကုမ္ပဏီများအား တင်ဒါကော်မတီအဖွဲ့ဝင်များ၏ ရှေ့မှောက်၌ပင် ဖွင့်ဖောက်စစ်ဆေးခဲ့ကြပါသည်။