မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး (ပင်မ)အဆောက်အဦ ဆောက်လုပ်နေသည့် လုပ်ငန်းခွင်သို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့တို့မှ သွားရောက်စစ်ဆေးကြည့်ရှု

ဆောင်ရွက်ချက်များ

၂၀၁၉ခုနှစ်၊ ဧပြီလ(၂၉)ရက်နေ့ နံနက်(၀၇၀၀)နာရီအချိန် မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး(ပင်မ) အဆောက်အဦဆောက်လုပ်သည့် လုပ်ငန်းခွင်သို့ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးတာ (တင်ဒါခေါ်ယူရေး ကော်မတီ ဥက္ကဋ္ဌ)၊ ဒုတိယဥက္ကဌ ဦးဇော်မျိုးဝင်း(တင်ဒါခေါ်ယူရေးကော်မတီ အတွင်းရေးမှူး)၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဆောက်လုပ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦး (တင်ဒါခေါ်ယူရေးကော်မတီ အဖွဲ့ဝင်)၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါ်ခင်ရီမြင့် (တင်ဒါခေါ်ယူရေးကော်မတီ တွဲဘက်အတွင်းရေးမှူး) ၊ (တင်ဒါခေါ်ယူရေးကော်မတီအဖွဲ့ဝင်) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ ဖြစ်သော ဦးကျော်ဌေး၊ ဦးကျော်စွမ်းရည်၊ ဒေါ်ခင်ချိုလတ်၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ အကြီးအကဲများ ပါဝင်သည့် တင်ဒါခေါ်ယူရေးကော်မတီအဖွဲ့ဝင်များနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ လိုက်ပါစစ်ဆေးခဲ့ရာ
Kyaw Thar Engineering & Construction Group Co, Ltd (KTECG) ကုမ္ပဏီ တာဝန်ရှိသူများမှ လိုက်လံရှင်းလင်း ပြသခဲ့ပါသည်။