မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ ဆင်ပေါင်ဝဲမြို့နယ်သို့သွားရောက်၍ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေများ ပေးအပ်လှူဒါန်း

ဆောင်ရွက်ချက်များ

၂၀၁၉ခုနှစ်၊ မေလ(၃)ရက်နေ့၊ နံနက်(၀၉ဝဝ)နာရီအချိန် ၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် မကွေးတိုင်း ဒေသကြီးလွှတ်တော်မှ တိုင်းဒေသကြီးဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် အလှူငွေများ ပေးအပ်လှူဒါန်းပွဲသို့ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ သက်ဆိုင်ရာ ဆင်ပေါင်ဝဲမြို့နယ် မဲဆန္ဒနယ်အမှတ်(၁/၂)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတာမှ အမှာစကားပြောကြားခဲ့ပြီး မကွေးတိုင်း ဒေသကြီးလွှတ်တော် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေမှ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ရာ ဆင်ပေါင်ဝဲမြို့နယ် မဲဆန္ဒနယ်အမှတ်(၁/၂)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များနှင့် ဆင်ပေါင်ဝဲမြို့နယ်မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူတို့က လက်ခံရယူခဲ့ပြီး၊ ဆင်ပေါင်ဝဲမြို့နယ်အုပ်ချုပ်ရေးမှူးမှ ဂုဏ်ပြု မှတ်တမ်းလွှာများပြန်လည် ပေးအပ်ခဲ့ပါသည်။