
မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ (၁၆)ကုတင်ဆံ့ သရက်တောတိုက်နယ်ဆေးရုံသစ် ဖွင့်ပွဲအခမ်းအနားတက်ရောက်ဖွင့်လှစ်
ဆောင်ရွက်ချက်များ၂၀၁၉ခုနှစ်၊ မေလ(၄)ရက်နေ့၊ နံနက်(၀၉ဝဝ)နာရီအချိန် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ (၁၆)ကုတင်ဆံ့ သရက်တောတိုက်နယ်ဆေးရုံသစ်ဖွင့်ပွဲအခမ်းအနားအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး၊ သယံဇာတ၊သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်၊ ဆောက်လုပ်ရေး၊ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦးနှင့် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေး၊ သက်ဆိုင်ရာ မင်းဘူးခရိုင်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ သူနာပြုဆရာမများ၊ ရပ်မိရပ်ဖ
များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။
ဆက်လက်ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး၊ မင်းဘူးခရိုင်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များတို့မှ (၁၆)ကုတင်ဆံ့ သရက်တောတိုက်နယ်ဆေးရုံသစ်အားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။
ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် မကွေးတိုင်း ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတာ တို့မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးမှ(၁၆)ကုတင်ဆံ့တိုက်နယ်ဆေးရုံသစ် ဆောက်လုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကာ၊ ကျေးရွာရပ်မိရပ်ဖ တစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး၊ သက်ဆိုင်ရာ တာဝန်ရှိသူများမှ ဆေးရုံအဆောက်အအုံသစ် အထိမ်းအမှတ်များပြန်လည်ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူးခဲ့ကြပါသည်။