
မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ ချောက်မြို့နယ်၊ ဆားတောင်ကျေးရွာအုပ်စု၊ မကျီးပင်တပ်ကျေးရွာ မြင်းသောက်ကန်ရေကန် တူးဖော်ပြုပြင်ခြင်း အောင်ပွဲအထိမ်းအမှတ်အခမ်းအနားတက်ရောက်
ဆောင်ရွက်ချက်များ၂၀၁၉ခုနှစ်၊ မေလ(၅)ရက်နေ့၊ နံနက်(၀၉၃၀)နာရီအချိန် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ဆားတောင်ကျေးရွာအုပ်စု၊ မကျီးပင်တပ်ကျေးရွာတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက် သည့် မြင်းသောက်ကန်ရေကန်တူးဖော်ပြုပြင်ခြင်း အောင်ပွဲအထိမ်းအမှတ်အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ မကွေးတိုင်းဒေသကြီး စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေး၊ ချောက်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁/၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ချောက်မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်မိရပ်ဖများနှင့် ကျေးရွာပြည်သူ လူထု များ တက်ရောက်ခဲ့ကြပါသည်။