မကွေးတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမ၌ မကွေးတိုင်းဒေသကြီးလွှတ်တော် လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးနှင့် အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များ စိစစ်ရေးကော်မတီနှင့် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်တရားစီရင်ရေး၊ ဥပဒေရေးရာဖွံ့ဖြိုးတိုးတက်ရေးနှင့်အစိုးရ၏ အာမခံချက်များ၊ကတိများ၊ တာဝန်ခံချက်များ စိစစ်ရေးကော်မတီတို့ တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတက်ရောက်

ဆောင်ရွက်ချက်များ

၂၀၁၉ခုနှစ်၊ မေလ(၁၃)ရက်နေ့၊ နံနက်(၀၉ဝဝ)နာရီအချိန် မကွေးတိုင်းဒေသကြီးလွှတ်တော်အစည်အဝေး
ခန်းမ၌ မကွေးတိုင်းဒေသကြီးလွှတ်တော် လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးနှင့်အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်တရားစီရင်ရေး၊ ဥပဒေရေးရာဖွံ့ဖြိုးတိုးတက်ရေးနှင့် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်
ရေးကော်မတီ တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ မကွေးတိုင်းဒေသကြီးလွှတ်တော် လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးနှင့်အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဥပဒေပြုရေးဆိုင်ရာ
ကော်မတီအဖွဲ့ဝင်များ၊ တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများစိစစ်ဆောင်ရွက်ရေး
ကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်တရားစီရင်ရေး၊ ဥပဒေရေးရာဖွံ့ဖြိုး တိုးတက်ရေးနှင့် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မကွေးတိုင်းဒေသကြီးလွှတ်တော်မှ ရုံးအဖွဲ့ဝန်ထမ်းများတက်ရောက်ခဲ့ကြပါသည်။
တွေ့ဆုံပွဲအခမ်းအနားတွင် မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့်ဒုတိယဥက္ကဋ္ဌတို့မှ နှုတ်ခွန်းဆက် အမှာစကားများပြောကြားခဲ့ကြပြီး၊ တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် လွှတ်တော်ကိုယ်စားလှယ်များမှတစ်ဦးချင်း မိတ်ဆက်ခဲ့ကြပါသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးလွှတ်တော် လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးနှင့်အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ မိမိတို့ကော်မတီ၏လုပ်ကိုင်ဆောင်ရွက်နေသော လုပ်ငန်းများနှင့်ပတ်သက်၍ အသေးစိတ်ဆွေးနွေးခဲ့ကြပြီး၊ ဧရာဝတီ တိုင်းဒေသကြီးလွှတ်တော် တရားစီရင်ရေး၊ ဥပဒေရေးရာဖွံ့ဖြိုးတိုးတက်ရေးနှင့် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှလည်း ၎င်းတို့ကော်မတီ၏ လုပ်ငန်း
ဆောင်ရွက်ချက်များအား အသေးစိတ်ဆွေးနွေးခဲ့ကာ တက်ရောက်လာကြသည့်ကော်မတီဝင်များမှ သိရှိလိုသည်များ အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် တရားစီရင်ရေး၊ ဥပဒေရေးရာဖွံ့ဖြိုးတိုးတက်ရေးနှင့် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ၊ မကွေးတိုင်းဒေသကြီးလွှတ်တော် လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးနှင့်အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များတို့သည် မကွေးတိုင်းဒေသကြီးလွှတ်တော်အဆောက်အဦသစ် ဆောက်လုပ်နေမှုအား သွားရောက်လေ့လာခဲ့ကြပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ခဲ့ ကြပါသည်။