
မကွေးတိုင်းဒေသကြီးလွှတ်တော်ဥပဒေပြုရေးဆိုင်ရာကော်မတီနှင့် ယုံကြည်ရာအသိပညာပြန့်ပွားရေးအသင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်
ဆောင်ရွက်ချက်များ၂၀၁၉ခုနှစ်၊ မေလ(၂၃)ရက်နေ့၊ နံနက်(၁၁ဝဝ)နာရီအချိန်တွင် တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ရုံးခန်း၌ မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး ဥပဒေပြုရေးဆိုင်ရာကော်မတီမှ မြေယာခွန်ဥပဒေကြမ်းနှင့်ပတ်သက်၍ ပြည်သူ့အသံ (Public Hearing) ကြားနာပွဲပြုလုပ်နိုင်ရန်အတွက် ယုံကြည်ရာအသိပညာပြန့်ပွားရေးအသင်းနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးသို့ မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဌ (ဥပဒေပြုရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ) ဦးဇော်မျိုးဝင်းနှင့် ဥပဒေပြုရေးဆိုင်ရာကော်မတီအဖွဲ့ဝင်များ၊ ယုံကြည်ရာအသိပညာပြန့်ပွားရေးအသင်းမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။
အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ (ဥပဒေပြုရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ)မှ မကွေးတိုင်းဒေသကြီးအတွင်း ခရိုင်အလိုက်(သို့မဟုတ်)မြို့နယ်အလိုက်(သို့မဟုတ်) အစုအဖွဲ့လိုက် မြေယာခွန်ဥပဒေကြမ်းနှင့်ပတ်သက်၍ ယခင်ကောက်ခံခဲ့သည့် မြေယာခွန်နှုန်းထားတိုးမြှင့်ကောက်ခံနိုင်ရေး
မြေယာခွန်ဥပဒေကြမ်းအား ပြင်ဆင်သတ်မှတ်နိုင်ရေးအတွက် ပြင်ဆင်သင့်သည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြည်သူ့အသံကြားနာပွဲ (Public Hearing) ပြုလုပ်နိုင်ရန် အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပြီး၊ ယုံကြည်ရာ အသိပညာပြန့်ပွားရေးအသင်း တာဝန်ရှိသူများမှ ၎င်းတို့မှပါ၀င်ကူညီဆောင်ရွက်ပေးရမည့်ကိစ္စများအား အသေးစိတ်ပြန်လည်ရှင်းလင်းတင်ပြခဲ့ရာ (ဥပဒေပြုရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ)မှ လိုအပ်သည်များဖြည့်စွက် ဆွေးနွေးခဲ့ပါသည်။