
မကွေးတိုင်းဒေသကြီးလွှတ်တော် (ပင်မ)အဆောက်အဦအသစ်တွင် အသုံးပြုရန်အတွက် ရုံးသုံးပရိဘောဂပစ္စည်းများ ၀ယ်ယူနိုင်ရန် Lot-1 တင်ဒါအောင်မြင်သည့် United Wood Industries Co.ltd နှင့် လုပ်ငန်းအပ်နှံခြင်း သဘောတူကတိစာချုပ် ချုပ်ဆို
ဆောင်ရွက်ချက်များ၂၀၁၉ခုနှစ်၊ မေလ(၂၈)ရက်နေ့၊ နံနက်(၀၉ဝဝ)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော်ရေးရာ ကော်မတီရုံးခန်း၌ မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး၏ ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လွှတ်တော်ရုံး(ပင်မ)အဆောက်အဦတွင် အသုံးပြုရန်အတွက် ရုံးသုံးပရိဘောဂ ပစ္စည်းများဝယ်ယူနိုင်ရန် Lot-1 တင်ဒါအောင်မြင်သည့် United Wood Industries ကုမ္ပဏီနှင့် စာချုပ် ချုပ်ဆိုခြင်း အခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးတာ (တင်ဒါခေါ်ယူရေး ကော်မတီ ဥက္ကဋ္ဌ)၊ ဒုတိယဥက္ကဌ ဦးဇော်မျိုးဝင်း (တင်ဒါခေါ်ယူရေးကော်မတီ အတွင်းရေးမှူး)၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဆောက်လုပ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦး (တင်ဒါခေါ်ယူရေးကော်မတီ အဖွဲ့ဝင်)၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ရီမြင့် (တင်ဒါခေါ်ယူရေးကော်မတီ တွဲဘက်အတွင်းရေးမှူး) ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များဖြစ်သော ဦးကျော်ဌေး၊ ဦးကျော်စွမ်းရည်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ ပါဝင်သည့် တင်ဒါခေါ်ယူရေးကော်မတီအဖွဲ့ဝင်များ၊
United Wood Industries ကုမ္ပဏီမှတာဝန်ရှိသူများနှင့် မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံးဝန်ထမ်းများ တက်ရောက်ကြပါသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့မှ အမှာစကားများအသီးသီး ပြောကြားခဲ့ကြပြီး Lot-1 အတွက် တင်ဒါအောင်မြင်သည့် United Wood Industries ကုမ္ပဏီနှင့် ရုံးသုံးပရိဘောဂပစ္စည်းများဝယ်ယူရေးလုပ်ငန်း အပ်နှံခြင်းသဘောတူကတိစာချုပ် ချုပ်ဆိုခဲ့ကြ ပါသည်။