မကွေးတိုင်းဒေသကြီးလွှတ်တော် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာ ကော်မတီ၏ (၂၆.၁.၂၀၁၇)ရက်နေ့မှ (၂၉.၁.၂၀၁၇)ရက်နေ့ထိ မင်းလှမြို့နယ်၊ ကံမမြို့နယ်၊ မင်းတုန်းမြို့နယ်နှင့် အောင်လံမြို့နယ်များသို့ နယ်မြေကွင်းဆင်းဆောင်ရွက်မှု အစီရင်ခံစာ
ဒုတိယအကြိမ်အစီရင်ခံစာများရက်စွဲ၊ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်
နိဒါန်း
၁။ မကွေးတိုင်းဒေသကြီးလွှတ်တော် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီသည် ချင်းတိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုများနှင့် လူနေမှုဘဝများကို လေ့လာရန်အတွက် (၂၆.၁.၂၀၁၇)ရက်နေ့မှ (၂၉.၁၂၀၁၇)ရက်နေ့ထိ မင်းလှမြို့နယ်၊ ကံမမြို့နယ်၊ မင်းတုန်းမြို့နယ်နှင့် အောင်လံမြို့နယ်များသို့ ကွင်းဆင်းသွားရောက်ခဲ့ပါသည်။
၂။ ကွင်းဆင်းရာသို့ ကော်မတီအတွင်းရေးမှူး ဦးကျော်မြင့်(ဆောမဲဆန္ဒနယ်-၁)နှင့်အတူ အဖွဲ့ဝင်များဖြစ်သည့် ဦးဝင်းမြင့်လှိုင်(တောင်တွင်းကြီးမဲဆန္ဒနယ်-၂)နှင့် ဦးကျော်လွင်(ဆင်ပေါင်ဝဲ မဲဆန္ဒနယ်-၁)တို့ လိုက်ပါဆောင်ရွက်ခဲ့ပါသည်။
ရည်ရွယ်ချက်
၃။ အထက်ဖော်ပြပါ မြို့နယ်များအတွင်း နေထိုင်သော ချင်းတိုင်ရင်းသားလူမျိုးများ၏ ရိုးရာဓလေ့များ၊ တိုင်းရင်းသားစာပေသင်ကြားမှုများ၊ လူမှုဘဝများအားလေ့လာပြီး တတ်နိုင်သရွေ့ မြှင့်တင်ဆောင်ရွက်ပေးရန် ရည်ရွယ်ပါသည်။
ကွင်းဆင်းဆောင်ရွက်ချက်များ
၄။ ကော်မတီဝင်များသည် (၂၆.၁.၂၀၁၇)ရက်နေ့ နံနက်(၀၈၀၀)နာရီအချိန်တွင် မကွေးမြို့မှ စတင်ထွက်ခွာခဲ့ရာ (၀၉၀၀)နာရီအချိန်တွင် မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ ရောက်ရှိပြီး မင်းလှမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံခဲ့ပါသည်။ ဆက်လက်၍ မင်းလှမြို့နယ် အတွင်းရှိ ဇီးတောကျေးရွာသို့သွားရောက်အခြေပြုကာ ချင်းတိုင်းရင်းသားကျေးရွာ(၅)ရွာမှ ချင်းတိုင်းရင်းသားများနှင့်တွေ့ဆုံခဲ့ပါသည်။ ချင်းတိုင်းရင်းသားများ၏ မေးမြန်းဆွေးနွေး မှုများအား ပြန်လည်ဖြေကြားခဲ့ပြီး တညင်းကြီးကျေးရွာ ညအိပ်ရပ်နားခဲ့ပါသည်။
၅။ ၂၇.၁.၂၀၁၇ ရက်နေ့တွင် ကံမမြို့သို့ ဆက်လက်ထွက်ခွာခဲ့ပြီး ရွာသစ်ကျေးရွာတွင် အခြေပြု၍ ပတ်ဝန်းကျင်ရှိ ကျေးရွာ(၂၁)ရွာမှ ချင်းတိုင်းရင်းသားများနှင့်တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံရာတွင် ချင်းတိုင်းရင်းသားများ၏ လူမှုအခက်အခဲများကိုမေးမြန်းခဲ့ပြီး တိုင်းရင်းသား များ၏ အခက်အခဲတင်ပြမှုများကို ပြန်လည်ဖြေကြားဆောင်ရွက်ခဲ့ပါသည်။
၆။ ၂၈.၁.၂၀၁၇ ရက်နေ့တွင် မင်းတုန်းမြို့သို့ သွားရောက်ခဲ့ပြီး မိုးကောင်းကျေးရွာတွင် အခြေပြု၍ ပတ်ဝန်းကျင်ရှိ ကျေးရွာ(၁၃)ရွာမှ ချင်းတိုင်းရင်းသားများနှင့်တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံရာတွင် ချင်းတိုင်းရင်းသားများ၏ လူမှုအခက်အခဲများကို ကြားနာခဲ့ပြီး ရှင်းလင်းဆွေးနွေး မှုများ၊ အားပေးဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပါသည်။
၇။ ၂၉.၁.၂၀၁၇ ရက်နေ့တွင် အောင်လံမြို့နယ်သို့ ဆက်လက်ထွက်ခွာခဲ့ပြီး ငမဲကန်ကျေးရွာတွင် အခြေပြု၍ ပတ်ဝန်းကျင်ရှိ ကျေးရွာ(၁၂)ရွာမှ ချင်းတိုင်းရင်းသားများနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ထို့နောက် အောင်လံမြို့တွင် ညအိပ်ရပ်နားခဲ့ပြီး (၃၀.၁.၂၀၁၇)ရက်နေ့တွင် မကွေးမြို့သို့ ပြန်လည်ထွက်ခွာခဲ့ပါသည်။
နိဂုံး
၈။ အထက်ဖော်ပြပါတင်ပြချက်များသည် မကွေးတိုင်းဒေသကြီးလွှတ်တော် တိုင်းရင်းသား လူမျိုးများအရေးဆိုင်ရာကော်မတီ၏ (၂၆.၁.၂၀၁၇)ရက်နေ့မှ (၂၉.၁.၂၀၁၇)ရက်နေ့အထိ မင်းလှမြို့နယ်၊ ကံမမြို့နယ်၊ မင်းတုန်းမြို့နယ်နှင့် အောင်လံမြို့နယ်များသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့မှုများဖြစ်ပါကြောင်း အစီရင်ခံတင်ပြအပ်ပါသည်။
ဥက္ကဋ္ဌ
ကျော်မြင့်၊ အတွင်းရေးမှူး
တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ
မကွေးတိုင်းဒေသကြီးလွှတ်တော်