မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး ရေးရာကော်မတီရုံးခန်းတွင် ရုံးသုံးပရိဘောဂပစ္စည်းများ ၀ယ်ယူခြင်းလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

ဆောင်ရွက်ချက်များ

မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး ရေးရာကော်မတီအစည်းအဝေးခန်းမ၌ ၂၀၁၈-၂၀၁၉ခုဘဏ္ဍာရေးနှစ်
ငွေလုံးငွေရင်းအသုံးစရိတ်ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် မကွေးတိုင်းဒေကြီးလွှတ်တော်ရုံး(ပင်မ)အဆောက်အဦ
တွင်အသုံးပြုရန်အတွက် ရုံးသုံးပရိဘောဂပစ္စည်းများဝယ်ယူခြင်းလုပ်ငန်း (Lot 2 ၊ Lot 3) နှင့်ပတ်သက်သည့် တင်ဒါကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးတာ (တင်ဒါခေါ်ယူရေး ကော်မတီ ဥက္ကဋ္ဌ)၊ ဒုတိယဥက္ကဌ ဦးဇော်မျိုးဝင်း (တင်ဒါခေါ်ယူရေးကော်မတီ အတွင်းရေးမှူး)၊ မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဆောက်လုပ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦး (တင်ဒါခေါ်ယူရေးကော်မတီ အဖွဲ့ဝင်)၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ရီမြင့် (တင်ဒါခေါ်ယူရေး
ကော်မတီ တွဲဘက်အတွင်းရေးမှူး) ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေး၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများပါဝင်သည့် တင်ဒါခေါ်ယူရေးကော်မတီအဖွဲ့ဝင်များနှင့် မကွေးတိုင်းဒေသကြီး လွှတ်တော်ရုံးဝန်ထမ်းများ တက်ရောက်ကြပါသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒုတိယဥက္ကဋ္ဌမှ အမှာစကား ပြောကြားခဲ့ကာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦးမှ ရုံးသုံးပရိဘောဂပစ္စည်းများဝယ်ယူခြင်းလုပ်ငန်း (Lot 2 ၊ Lot 3) နှင့်ပတ်သက်သည့် ဝယ်ယူမည့်အခြေအနေများအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ ရုံးသုံးပရိဘောဂပစ္စည်းများဝယ်ယူခြင်းလုပ်ငန်း (Lot 2 ၊ Lot 3) နှင့်ပတ်သက်ပြီး တင်ဒါကော်မတီအဖွဲ့ဝင်များမှ ဆွေးနွေးတင်ပြခဲ့ကြပြီး မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။