
မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး ရေးရာကော်မတီရုံးခန်းတွင် လွှတ်တော်ရုံး(ပင်မ)အဆောက်အဦနှင့် ဆက်စပ်လုပ်ငန်းများစာချုပ်ချုပ်ဆိုခြင်း အခမ်းအနားကျင်းပပြုလုပ်
ဆောင်ရွက်ချက်များ၂၀၁၉-ခုနှစ်၊ ဇူလိုင်လ (၉)ရက်နေ့ နံနက်(၀၉ဝဝ)နာရီအချိန်တွင် တိုင်းဒေသကြီးလွှတ်တော်ရုံး ရေးရာကော်မတီအစည်းအဝေးခန်းမ၌ ကျော်သာကုမ္ပဏီမှတာဝန်ယူတည်ဆောက်လျက်ရှိသည့် မကွေးတိုင်းဒေကြီး လွှတ်တော်ရုံး(ပင်မ)အဆောက်အဦနှင့် ဆက်စပ်လုပ်ငန်းများနှင့်ပတ်သက်၍ နှစ်ဦးသဘောတူစာချုပ်ချုပ်ဆိုခြင်း အခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးတာ (တင်ဒါခေါ်ယူရေး ကော်မတီ ဥက္ကဋ္ဌ)၊ ဒုတိယဥက္ကဌ ဦးဇော်မျိုးဝင်း (တင်ဒါခေါ်ယူရေးကော်မတီ အတွင်းရေးမှူး)၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ရီမြင့် (တင်ဒါခေါ်ယူရေးကော်မတီ တွဲဘက်အတွင်းရေးမှူး) ၊
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေး၊ ဦးကျော်စွမ်းရည်၊ ဒေါ်ခင်ချိုလတ်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများပါဝင်သည့် တင်ဒါခေါ်ယူရေးကော်မတီအဖွဲ့ဝင်များနှင့် ကျော်သာဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ရှိသူများနှင့်ရုံးဝန်ထမ်းများ တက်ရောက်ကြပါသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒုတိယဥက္ကဋ္ဌမှ အမှာစကား ပြောကြားခဲ့ကာ၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ နှင့် ကျော်သာဆောက်လုပ်ရေးကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးမောင်အေးမှ လွှတ်တော်ရုံး(ပင်မ)အဆောက်အဦနှင့် ဆက်စပ် လုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးကာတက်ရောက်လာသည့် တင်ဒါ
ကော်မတီဝင်များကဆွေးနွေးကြပြီး၊ နှစ်ဘက်သဘောတူကတိစာချုပ် ပေါ်တွင်လက်မှတ်ရေးထိုး ချုပ်ဆို ခဲ့ကြပါသည်။