
မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး(ပင်မ)အဆောက်အဦတွင်အသုံးပြုရန်အတွက် ရုံးသုံးပရိဘောဂပစ္စည်းများ ၀ယ်ယူခြင်းလုပ်ငန်း Lot-2၊ L0t-3 နှင့်ပတ်သက်သည့် တင်ဒါကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
ဆောင်ရွက်ချက်များ၂၀၁၉-ခုနှစ် ဇူလိုင်လ(၁၀)ရက်နေ့ နေ့လည်(၁၄ဝဝ)နာရိအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး
ရေးရာကော်မတီ အစည်းအဝေးခန်းမ၌ မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး(ပင်မ)အဆောက်အဥိတွင် အသုံးပြုရန်
အတွက် ရုံးသုံးပရိဘောဂပစ္စည်းများ ၀ယ်ယူခြင်းလုပ်ငန်း Lot-2၊ L0t-3 နှင့်ပတ်သက်သည့်တင်ဒါကော်မတီလုပ်ငန်း
ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ (တင်ဒါခေါ်ယူရေး ကော်မတီ ဥက္ကဋ္ဌ)၊ ဒုတိယဥက္ကဌ ဦးဇော်မျိုးဝင်း (တင်ဒါခေါ်ယူရေးကော်မတီ အတွင်းရေးမှူး)၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဆောက်လုပ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦး (တင်ဒါခေါ်ယူရေးကော်မတီ အဖွဲ့ဝင်)၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေး၊ ဦးကျော်စွမ်းရည်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများပါဝင်သည့် တင်ဒါခေါ်ယူရေးကော်မတီအဖွဲ့ဝင်များနှင့် မကွေးတိုင်းဒေသကြီး လွှတ်တော်ရုံးဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒုတိယဥက္ကဋ္ဌမှ အမှာစကား ပြောကြားခဲ့ကာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦး(တင်ဒါခေါ်ယူရေးကော်မတီအဖွဲ့ဝင်)မှ ရုံးသုံးပရိဘောဂပစ္စည်းများ ၀ယ်ယူခြင်းလုပ်ငန်း (Lot 2 ၊ Lot 3) နှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် တင်ဒါကော်မတီဝင်များကဆွေးနွေးခဲ့ကြပြီး၊ လွှတ်တော် ဥက္ကဋ္ဌမှ ရုံးသုံးပရိဘောဂပစ္စည်းများ ၀ယ်ယူခြင်းလုပ်ငန်း တွင် ပါ၀င်ဆောင်ရွက်ခဲ့ကြသည့် တင်ဒါကော်မတီအဖွဲ့ဝင်များအား ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။