
မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး(ပင်မ)အဆောက်အဦအတွင်း ရုံးခန်းများတွင် ခန်းဆီးလိုက်ကာများတပ်ဆင်ခြင်း လုပ်ငန်း အိတ်ဖွင့်တင်ဒါဖွင့်ဖောက်ခြင်း အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ တက်ရောက်
ဆောင်ရွက်ချက်များ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ(၁၇)ရက်နေ့ နံနက်(၀၉ဝဝ)နာရီအချိန် မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး(ပင်မ)
အဆောက်အဦသစ်ရှိ ရုံးခန်းများတွင် ခန်းဆီးလိုက်ကာများ တပ်ဆင်ခြင်းလုပ်ငန်းအတွက်အိတ်ဖွင့်တင်ဒါ ဖွင့်ဖောက်ခြင်းအခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း (တင်ဒါခေါ်ယူရေးကော်မတီ အတွင်းရေးမှူး)၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဆောက်လုပ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦး (တင်ဒါခေါ်ယူရေးကော်မတီအဖွဲ့ဝင်)၊ တိုင်းဒေသကြီးလွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ရီမြင့် (တင်ဒါခေါ်ယူရေးကော်မတီ တွဲဘက်အတွင်းရေးမှူး) ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေး၊ ဦးကျော်စွမ်းရည်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများပါဝင်သည့် တင်ဒါခေါ်ယူရေးကော်မတီအဖွဲ့ဝင်များနှင့် ရုံးဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားအား တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ဆောက်လုပ်ရေး၊ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဦးတင်နွယ်ဦး(တင်ဒါခေါ်ယူရေးကော်မတီအဖွဲ့ဝင်)မှအိတ်ဖွင့်တင်ဒါ ဖွင့်ဖောက်ခြင်းလုပ်ငန်းနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး ကုမ္ပဏီတစ်ခုချင်းအလိုက် အဆိုပြုတင်ပြထားသည့် တင်ဒါအိတ်များဖွင့်ဖောက်စစ်ဆေးခဲ့ပြီး၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြန်လည်ပြောကြားခဲ့ပါသည်။