
မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး(ပင်မ)အဆောက်အဦ တည်ဆောက်ထားရှိမှုအခြေအနေအား ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ် ဗိသုကာဌာနမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ လာရောက်လေ့လာ
ဆောင်ရွက်ချက်များ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ(၁၆)ရက်နေ့ နေ့လည်(၁၃ဝဝ)နာရီအချိန် မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး(ပင်မ)
အဆောက်အဦ တည်ဆောက်ထားရှိမှုအခြေအနေအား ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ် ဗိသုကာဌာနမှ
ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ လာရောက်လေ့လာခဲ့ကြပါသည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတာ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဆောက်လုပ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦးတို့မှ လာရောက်တွေ့ဆုံနှုတ်ဆက်ခဲ့ကြပြီး၊ Modular Architects မှ တာဝန်ရှိသူများနှင့် Kyaw Thar Engineering & Construction Group Co, Ltd (KTECG)မှ တာဝန်ရှိသူတို့က ကျောင်းသား/ကျောင်းသူများအား အဆောက်အဦတည်ဆောက်ထားခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား ခဲ့ကြကာ၊ ကျောင်းသား/ကျောင်းသူများမှ သိရှိလိုသည်များ မေးမြန်းခဲ့မှုအပေါ် တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ကြပြီး ၀န်ကြီးချုပ်နှင့်အဖွဲ့မှ လေ့လာရေးလာရောက်ကြသည့် ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများထံသို့ မကွေးတိုင်းဒေသကြီး လွှတ်တော်(ပင်မ) အဆောက်အဦသစ်ပုံစံ မှတ်တမ်းဓါတ်ပုံအား အမှတ်တရလက်ဆောင် ပေးအပ်ခဲ့ကာ အဆောက်အဦအတွင်း လှည့်လည်လေ့လာခဲ့ကြပြီး စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ခဲ့ကြပါသည်။