
မကွေးတိုင်းဒေသကြီးလွှတ်တော်(ပင်မ)အဆောက်အဦနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ တက်ရောက်
ဆောင်ရွက်ချက်များ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၅)ရက်နေ့ နံနက်(၀၉ဝဝ)နာရီအချိန် မကွေးတိုင်းဒေသကြီးလွှတ်တော်
ရေးရာကော်မတီရုံးခန်းတွင်ကျင်းပပြုလုပ်သည့် လွှတ်တော်ရုံး(ပင်မ)အဆောက်အဦနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတာ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဆောက်လုပ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ချိုလတ်၊ တိုင်းဒေသကြီးလွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ရီမြင့် နှင့် ညွှန်ကြားရေးမှူး ဒေါ်ဌေးဌေးခိုင်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ရုံးဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒုတိယဥက္ကဋ္ဌမှ အမှာစကား ပြောကြားခဲ့ကာ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဆောက်လုပ်ရေး၊ ပို့ဆောင် ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦးမှ လွှတ်တော်ရုံး(ပင်မ)အဆောက်အဦ ဆောက်လုပ်နေမှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ အသေးစိတ်ရှင်းလင်းဆွေးနွေးပါသည်။
ဆက်လက်ပြီး နံနက်(၁၀ဝဝ)နာရီအချိန်တွင် အဆိုပါ လွှတ်တော်ရုံး(ပင်မ)အဆောက်အဦသို့ သွားရောက်ပြီး အဆောက်အဦသစ် ဆောက်လုပ်နေသည့် ကျော်သာ ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ အဆောက်အဦတွင် ပြုပြင်ရန်လိုအပ်သည့်နေရာများအား အမြန်ပြုပြင် ဆောင်ရွက်နိုင်ရေး လွှတ်တော်ဒုတိယဥက္ကဋ္ဌမှ မှာကြားခဲ့ပါသည်။