
မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး(ပင်မ)အဆောက်အဦအတွင်း ရုံးခန်းများတွင် ခန်းဆီးလိုက်ကာများတပ်ဆင်ခြင်းနှင့်ပတ်သက်ပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
ဆောင်ရွက်ချက်များ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ(၂၅)ရက်နေ့ မွန်းလွဲ(၁၄ဝဝ)နာရီအချိန် မကွေးတိုင်းဒေသကြီးလွှတ်တော်
ရေးရာကော်မတီရုံးခန်းတွင် မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး (ပင်မ)အဆောက်အဦသစ်ရှိ ရုံးခန်းများ၌ ခန်းဆီးလိုက်ကာများ တပ်ဆင်ခြင်းအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဆောက်လုပ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦး ၊ တိုင်းဒေသကြီးလွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ရီမြင့် နှင့် ညွှန်ကြားရေးမှူး ဒေါ်ဌေးဌေးခိုင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေး၊ ဒေါ်ခင်ချိုလတ်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ ပါဝင်သည့် တင်ဒါခေါ်ယူရေးကော်မတီအဖွဲ့ဝင်များနှင့် လွှတ်တော်ရုံးဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး တင်ဒါလျှောက်ထားသည့် ကုမ္ပဏီများမှ တင်ပြထားရှိသော ခန်းဆီးလိုက်ကာဝယ်ယူရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ သုံးသပ်ဆွေးနွေး ညှိနှိုင်းခဲ့ကြပါသည်။