
မကွေးတိုင်းဒေသကြီးလွှတ်တော်(ပင်မ)အဆောက်အဦသစ် လုပ်ငန်းလွှဲပြောင်းအပ်နှံခြင်းအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ ဒုတိယဥက္ကဌတက်ရောက်
ဆောင်ရွက်ချက်များ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ(၃၁)ရက်နေ့ နံနက်(၀၉ဝဝ)နာရီအချိန် မကွေးတိုင်းဒေသကြီးလွှတ်တော်(ပင်မ)
အဆောက်အဦသစ်ရှိ Ball Room ခန်းမတွင် ကျင်းပပြုလုပ်သော လွှတ်တော်(ပင်မ)အဆောက်အဦသစ် လုပ်ငန်းလွှဲပြောင်းအပ်နှံခြင်း အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတာ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေး၊ ဦးကျော်စွမ်းရည်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ ပါဝင်သည့် တင်ဒါကော်မတီအဖွဲ့ဝင်များ၊ ကျော်သာဆောက်လုပ်ရေး ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးမောင်အေးနှင့် တာဝန်ရှိသူများ၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံးမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတာနှင့် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း တို့မှ အမှာစကားပြောကြားခြင်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဆောက်လုပ်ရေးပို့ဆောင် ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦးမှ အဆောက်အဦသစ် ဆောက်လုပ်နေမှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း၊ ကျော်သာဆောက်လုပ်ရေးကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးမောင်အေးမှ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ရှင်းလင်းတင်ပြခြင်းများ ဆောင်ရွက်ခဲ့ကြကာ လုပ်ငန်းလွှဲပြောင်းအပ်နှံခြင်း သဘောတူကတိစာချုပ်ပေါ်တွင် လက်မှတ်ရေးထိုးခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံများ ရိုက်ခဲ့ကြပါသည်။