မကွေးတိုင်းဒေသကြီးလွှတ်တော် ဉက္ကဌ၊ဒုတိယဥက္က႒ တို့က မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီး H.E.Mr.Christian Lechervy နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

ဆောင်ရွက်ချက်များ

၂၀၁၉ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့၊ မွန်းလွဲ(၁၅၀၀)နာရီအချိန် မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး Call Room တွင် မကွေးတိုင်းဒေသကြီးလွှတ်တော်ဉက္ကဌ၊ ဒုတိယဥက္ကဋ္ဌတို့မှ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီး H.E.Mr.Christian Lechervy နှင့်အဖွဲ့အား လက်ခံတွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးလွှတ်တော်ဉက္ကဌဦးတာ၊ ဒုတိယဉက္ကဌ ဦးဇော်မျိုးဝင်း နှင့် မကွေးတိုင်းဒေသကြီးလွှတ်တော်သယံဇာတ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာ ကော်မတီ အဖွဲ့ဝင်များဖြစ်ကြသည့် ဉီးသောင်းရွှေ(ဉက္ကဌ) နတ်မောက်မြို့နယ်မဲဆန္ဒနယ်အမှတ်(၁)၊ ဉီးသိန်းလှ(အဖွဲ့ဝင်) ရေနံချောင်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)၊ဉီးမောင်ကို(အဖွဲ့ဝင်)မင်းလှမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)၊မကွေးတိုင်းဒေသကြီး လွှတ်တော်စီမံကိန်းဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင်များဖြစ် ကြသည့်ဉီးမင်းဟန်(ဉက္ကဌ)၊ရေစကြို
မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)၊ ဉီးတင့်ဆန်း (အဖွဲ့ဝင်)ပွင့်ဖြူမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)၊ ဒေါ်ဇင်နီနီဝင်း (အဖွဲ့ဝင်)
ပခုက္ကူမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)၊ မြန်မာနိုင်ငံဆိုင်ရာပြင်သစ်သံအမတ်ကြီးH.E.Mr.Christian Lechervy နှင့်အတူ
စီးပွားရေးဌာနမှူး Mr.Jean- marie Vignaud ၊ကုန်သွယ်ရေးဌာနမှူး Mrs.Geraldine Mabille ၊ ပြင်သစ်စီးပွားရေး
လုပ်ငန်းရှင်အချို့နှင့် မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ဌေးဌေးခိုင်နှင့် လွှတ်တော်ရုံးဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။
တွေ့ဆုံပွဲတွင် မကွေးတိုင်းဒေသကြီးလွှတ်တော် ဉက္ကဌနှင့် ဒုတိယဥက္ကဋ္ဌတို့က လွှတ်တော်မှဆောင်ရွက်ချက် များနှင့် လွှတ်တော်အဆောက်အဉီဆိုင်ရာ အချက်အလက်များအား ရှင်းလင်းဆွေးနွေးခြင်း၊ လွှတ်တော်ရေးရာ ကော်မတီအဖွဲ့ဝင်များအနေဖြင့် မိမိတို့နယ်မြေဒေသအတွင်း လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်နေမှု များနှင့်စပ်လျဉ်း၍ သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံပြည်သူလူထု၏ လူမှုစီးပွားထိခိုက်မှုမရှိစေရေး မည်သို့ ဆောင်ရွက်ထားသည်ကို အမြင်ချင်းဖလှယ် ပွင့်လင်းစွာဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီးနှင့် အဖွဲ့ဝင်များက မကွေးတိုင်းဒေသကြီးအတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိစ္စရပ်များ၊ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များ ၊ စွမ်းအင်နှင့် တည်ဆောက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စနှင့် မူဝါဒရေးရာကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးခဲ့ကာ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး သံအမတ်ကြီးနှင့်အဖွဲ့များက လွှတ်တော်အဆောက်အဦအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။